Computer

Computer ဆိုတာ သေချာတာကတော့.. “ကွန်ပျူတာ”ဟာ electronic device (ပစ္စည်း) တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ စတင်ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို လေ့လာမယ်ဆိုရင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)ကျော် လောက်တုန်းက ရှေးခေတ်လူသားတွေ သုံးခဲ့တဲ့ … “ပေသီး” (သို့) ဂဏန်းပေါင်းစက် (Abacus) ခေတ်ကို ပြန်ရောက်သွားပါလိမ့်မယ်။ တိုက်ရိုက် အဓိပ္ပါယ်ပြန်လျှင် သချာင်္တွက်စက် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ၎င်းမှာ လျှပ်စစ်စွမ်းအားနှင့် သချာင်္ ပညာရပ်များအား အသုံးပြု၍ လုပ်ငန်းရပ်များအား အဆင်ပြေချောမွှေ့ လွယ်ကူစေရန် ဖန်တီး ယူထားသည့် စက်အမျိုးအစား တစ်ခုဖြစ်ပါသည်။
မှတ်တမ်းများသိမ်းဆည်းခြင်း (Datastorage)၊ ပြန်လည် ခေါ်ယူခြင်း (Retrive)၊ အစီအစဉ်များ ထည့်သွင်းခြင်းနှင့် ထုတ်ယူခြင်း (l/O Device)၊ စဉ်းစား တွက်ချက် ပေးခြင်း (Calculate) တို့အား လုပ်ငန်းစဉ်များ အလိုက် အသုံးပြုနိုင်ရန် စီစဉ်ထားပါသည်။

ကွန်ပျူတာ မှာ ဂဏန်း နှစ်လုံးနဲ့ ဘဲအလုပ်လုပ်ပါတယ်။ 0 နဲ့ 1 ပါ။ binary number လို့လည်း ခေါ်ပါတယ်။ ဂဏန်းတစ်လုံးထဲ ဆိုရင် 1 bit လို့ခေါ်ပါတယ်။ 01010101 ယခုလို ဂဏန်း 8 လုံးတွဲဆိုရင်တော့ 1 byte လို့ ခေါ်ပါတယ်။ byte တစ်သန်း ဆိုရင် တော့ 1 Mb ပေါ့ဗျာ။1Mb ရဲ့ အရှည်ခေါက်ကတော့ 1 Million byte ပါ။

Application

ဒီအပိုင်းမှာ မြင်နေရတဲ့ ဟာတွေ အားလုံးကို GUI (Graphical user interface) လို့ခေါ်ပါတယ်… အသုံးချလို့ရတဲ့ ဥပမာ – စာရိုက်တာတို့ ရုပ်ရှင်ကြည့်တာတို့ ဓာတ်ပုံပြင်တဲ့ အခါတို့ မှာ အသုံးပြုလို့ရတဲ့ software ကို ဆိုလိုတယ်..

CLI (Command-line interface) – Linux သုံးတဲ့ အခါ အလုပ်လုပ်တာ မြန်အောင်ခိုင်းတဲ့ မဖြစ်မနေသုံးသင့်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်…

Hardware

- CPU ( Central processing unit ) ကွန်ပျူတာရဲ့ ဦးနှောက်လို့လည်း ခေါ်တယ်
- Ram(Random-access memory) memory ကိုပြောတယ်..
- HDD(Hard disk drive) data တွေကို သိမ်းဆည်းပေးတဲ့ သိုလှောင်ပေးတဲ့ တခုဖြစ်တယ်…
- USB \ CD (portable) data တွေကို အလွယ်တကူ ရွေ့ပြောင်းသယ်သူနိုင်တဲ့ တခုပါပဲ..

Kernel

Kernel ဆိုတာ စက်လည်ပတ်မှူစနစ် ( Operating System ) အများစုရဲ. အဓိက အစိတ်အပိုင်း ကိုဆိုလိုတာ ဖြစ်ပါတယ်.. Kernel ဆိုတာ Core Program ဖြစ်ပြီး အဲ့ဒီကမှတစ်ဆင့် Programs တွေ Hardware တွေကို စီမံခန့်ခွဲခြင်းကိုလုပ်ပေးပါတယ်။ Kernel ဆိုတာ ရာသီဥတု မိုးလေဝသ ခန့်မှန်းရာမှာ အသုံးပြုတဲ့ အလွန်လျင်မြန်တဲ့ Main Frame Computer (very big computer) ကြီးတွေရဲ့ အပိုင်းတခုမှ လာတာ ဖြစ်ပါတယ်.. C Programming ဖြင့် ရေးထားပါတယ်... application and hardware တွေကို update လုပ်ရင် သူ့ကိုပါ update လုပ်ပေးရပါတယ်... နေ့စဉ်နဲ့ အမျှ update တွေ ရှိတယ်…. သူရဲ့ version က စုံဖြစ်နေရင် များသောအားဖြင့် stable ဖြစ်ပါတယ်… မ ဂဏန်တွေကတော့ unstable ဖြစ်ပါတယ်…

OS (Operation System)

Windows က close source software ဖြစ်တယ်..
Linux က Opensource Software ဖြစ်တယ်…. ဥပမာ… joumala, wordpress တို့ကို run နေတဲ့ server က Apache Server ပဲ ဖြစ်ပါတယ်…. လူတိုင်းသုံးနုင်တဲ့ Opensource ဖြစ်ပါတယ်..
Linux ဆိုတာ Unix ကနေ လာပါတယ်… Linux အကြောင်းကို သိချင်ရင် အရင်ဆုံး Linux Distro ဆိုတာကို နားလည်းထားဖို့ လိုပါမယ်... Distro ဆိုတာ Distribution ကို ခေါ်တာပါ... Linux ဆိုတာ တစ်ကယ့်တော့ Desktop Enviroment အပြည့်အစုံ မဟုတ်ပါဘူး... Desktop Enviroment အတွက် အရေးကြီးတဲ့ OS Kernal မျှသာ ဖြစ်ပါတယ်...

ဒီ OS Kernal ကို ကျွန်တော်တို့တစ်တွေ သုံးလို့ရအောင် Gnome, KDE အစရှိတဲ့ Graphical Interface တွေနဲ့ တွဲလိုက်တော့မှ Desktop OS တစ်ခုရယ်လို့ ဖြစ်လာတာပါ... ဒါတင်မဟုတ်သေးပါဘူး... အဲဒီ Desktop အတွက် လိုအပ်တဲ့ Software တွေနဲ့ Update တွေကို Distribute လုပ်တဲ့ ပုံစံအမျိုးမျိုး ရှိပါတယ်... RPM ဆိုတဲ့ Packaging System ကို သုံးပြီး ပြည့်စုံတဲ့ Linux Desktop/Server OS ဖြစ်ပေါ်လာ ပါတယ်... Packaging System နဲ့ Linux Distro တွေ အများကြီး ရှိပါသေးတယ်..

0 comments:

Post a Comment