PHP Programming Syntax က အလွန်ပဲ ရိုးရှင်းပါတယ်…
   <?php
ရေးချင်သော PHP code များအားလုံးကို ရေးလို့ ရပါတယ်…
    ?>
ပြောရမယ်ဆိုရင် <?php စပြီး ?> နဲ့ ပိတ်တယ်လို့ ပြောလို့ ရပါတယ်။

ဥပမာ html နဲ့  php sample program လေးတစ်ခုကို ရေးပြပါ့မယ်…
PHP မှာ Variable ကို သုံးမယ်ဆိုရင် $ sign နဲ့ စပြီး Variable ကို Declare လုပ်ရပါမယ်။ ဥပမာ $myvar ကို Declare လုပ်လိုက်ရင် သူက

String ပဲ ဖြစ်ဖြစ် Numeric ပဲ ဖြစ်ဖြစ် ကြိုက်တာကို Store လုပ်လို့ ရပါတယ်။ အဲ့ဒါကို Loosely Typed ဖြစ်တယ်လို့ ပြောပါတယ်။ မိမိ Declare လုပ်ထားတဲ့ Variable ကို Text String , Number and Array ကြိုက်တာကို Store လုပ်နိုင်ပါတယ်။
PHP ဆိုတာ dynamic & interactive ဖြစ်တဲ့  Website တွေလုပ်တဲ့  နေရာမှာ အရမ်းကို Powerful ဖြစ်တဲ့ Server Site Scripting Language တစ်ခု ဖြစ်ပါတယ်။အခုဆိုရင် PHP ကို Website တွေလုပ်တဲ့ နေရာမှာပိုပြီး အသုံးပြုလာတာကို တွေ့ ရတယ်။ပြောရမယ်ဆိုရင် Microsoft ရဲ့  asp.net ကိုကောင်းကောင်းစိန်ခေါ်နိုင်တဲ့  ပြိုင်ဘက် တစ်ယောက်လို ဖြစ်လာ တယ်။ဘာကြောင့် လဲဆိုတော့ Wink
သူလည်း Wizard ကိုသုံးပြီးလုပ်မှာဖြစ်ပါတယ်Download လိုချင်ရင် ဒီ Link မှာယူလို့ ရပါတယ်…
PHP Download
သတိထားရမဲ့ အချက်များကတော့ Installation မှာ Apache ကို တောင်းပါလိမ့်မယ်။ Apache 2.2.x ကို  ရွေးပေးလိုက်ပါ်။ ဒီပုံကိုကြည့်လိုက်ပါ်။
Ubuntu11.10 (Oneiric Ocelot) လွန်ခဲ့တဲ့ တစ်ပတ်တုန်းကထွက်လာပါပြီ။ အခုမှ linux ကို စပြီး အသုံးပြုမယ့်သူ တွေအတွက် ဒီစာက ရည်ရွယ်ပါတယ်။  Ubuntu 11.10 ကို အဆင့်ဆင့်ဘယ်လို Install လုပ်မလည်း ဆိုတာကို ပြထားပါတယ်။
ပြီးတော့ အခုအဆင့်ဆင့်လုပ်ဆောင်မှာတွေကတော့ Linux နဲ့ Windows 7 (XP/Vista ဒါမှမဟုတ် တစ်ခြား တစ်ခုခု Install လုပ်ပြီးသား) နဲ့အတူ Dual Boot ဘယ်လိုလုပ်မလည်းဆိုတာကို ရှင်းပြမှာ ဖြစ်ပါတယ်။
အရင်တုန်းက Ubuntu တင်ပြီး ပြဿနာပေါင်းစုံတက်ကာ အဆင်မပြေသူများအတွက်လည်း ရည်ရွယ်ပါတယ်။ ဒါမှမဟုတ်လည်း ရှိပြီးသား Windows ကို အကုန်ဖျက်ပစ်ပြီး Ubuntu တစ်ခုတည်း တင်ချင်သူများအတွက်လည်း ဒီအဆင့်ဆင့်လုပ်ဆောင်ပုံတွေက အတူတူပဲ ဖြစ်ပါတယ်။ တစ်ချို့မတူတဲ့အချက်တွေကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။
လူတိုင်းနီးပါ၊ Linux သုံးတဲ့သူမှမဟုတ်ပါဘူး၊ ဘယ် OS ကို သုံးတဲ့သူဖြစ်ဖြစ် command မရိုက်ချင်ကြပါဘူး။ ဒါပေမဲ့ Linux မှာ Command ကို သုံးတာ အလုပ်ကိုတွင်ကျယ်စေပါတယ်။ ရွေးချယ်စရာတွေများတယ်။ စိတ်ချရတယ်။
/usr/bin ထဲမှာ command ပေါင်း ၂၁၉၉ နီးပါး ရှိပါတယ်။ /usr/sbin ထဲမှာတော့ ၃၈၈ လောက် ရှိပါတယ် လို့ (Mandriva Spring 2008) တုန်းက မှတ်ချက်ပြုထားပါတယ်။ အဲဒီ Command တွေ အကုန်လုံးကို မသိတောင် အနည်းဆုံး ၁၀ ခုလောက်တော့ Linux ကို နေ့စဉ် အသုံးပြုနေတဲ့ သူတွေ သိသင့်ပါတယ်။
ကျွန်တော်တို့ အမြဲတမ်းအသုံးပြုနေတဲ့ command တွေရှိပါတယ်။ (cd,ls,rm,etc... (etc က တော့ command မဟုတ်ဘူးနော်)) အဲလောက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။ အရမ်း အသုံးဝင်တဲ့ command တွေ ရှိပါသေးတယ်။ ဘယ် linux မှာ ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ ကြည့်ကြည့်ပါအုံး။
Ubutnu 11.10 မှာ လိုအပ်မယ် ဆော့ဝဲလ်တွေ အသုံးတဲ့မယ် ဆော့ဝဲလ်တွေ တစ်ခါတည်း တင်ပြီးသားပါပါတယ်။ သီချင်းနားထောင်မလား၊ ရုပ်ရှင်ကြည့်မလား၊ အင်တာနက်သုံးမလား အိုကေပါတယ်။ Developer အနေနဲ့အသုံးပြုမယ်ဆိုရင်တော့ Image Editors တို့ Design fonts တို့ စသည်ဖြင့် နည်းနည်းပါးပါး ထပ်ပြီး install လုပ်ရအုံးမှာပါ။
default ပါပြီးသား application တွေကို မကြိုက်လို့ပဲ ဖြစ်ဖြစ်၊ အသုံးပြုရတာ ကိုယ်နဲ့ လိုက်လျှောညီထွေမှု မရှိလို့ပဲ ဖြစ်ဖြစ် အသစ် အသစ် တွေကို ကိုယ့်စိတ်ကြိုက်ပြန်တင်ခွင့်လည်း Ubuntu 11.10 မှာ ရှိနေပြီးသားပါ။
တစ်ကမ္ဘာလုံးစောင့်မျှော်နေကြတဲ့ ubuntu 11.10 Oneiric Ocelot ကတော့ လွန်ခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေက ထွက်လာပါပြီ။
11.10 ကတော့ အရင်ရှိပြီးသား အဟောင်းများနဲ့ အသစ်အသစ် ထပ်ထုတ်ထားတဲ့ Open-source နည်းပညာတွေ ပေါင်းစပ်ပြီး အရည်အသွေးမြင့်မြင့် နဲ့ အသုံးပြုရ အလွန်လွယ်ကူအောင် လုပ်ဆောင်ထားပါတယ်လို့လည်း အဲဒီထုတ်ကုန် အဖွဲ့က သူတို့ website ရဲ့ Unbutu 11.10 ကြော်ငြာမှာ ထည့်သွင်းရေးသားထားပါတယ်။
Unbutu 11.10 က ဘာသာစကား ၃၈ မျိုးနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပြီး Canonical က ထုတ်လုပ်တဲ့ အခမဲ့ Llinux Operation System ဖြစ်ပါတယ်။ အခုဆိုရင် သူ့ရဲ့ website မှာ Download လုပ်နိုင်ပါတယ်။ သူ့ အရင် version ဖြစ်တဲ့ Ubuntu 11.04 အသုံးပြုသူတွေကတော့ Ubuntu ထဲမှာပါရှိတဲ့ Update Manager ကနေတစ်ဆင့် Upgrade လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို Upgrade လုပ်ဆောင်ရမလည်း ဆိုတာကိုလည်း website မှာ အဆင့်အဆင့် အလုပ်လုပ်ပုံတွေကို ရှင်းပြထားပါတယ်။

လူတိုင်း ကိုယ့်ကွန်ပျူတာမှာ Opeation System ကိုတင်ရင် လွယ်လွယ်ကူကူ အခက်အခဲမရှိ ကျေကျေနပ်နပ် အောင်မြင်သွားတယ် ဆိုတာ မရှိသလောက်ပါပဲ။ ပြဿနာ တစ်ခုမှတစ်ခုနဲ့ အမြဲတမ်းကြုံတွေ့ရပါတယ်။
များသောအားဖြင့် အိမ်သုံးကွန်ပျူတာဆိုတာကလည်း Microsoft Windows ကြောင့်ပဲ ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပြီး သူကပဲ ဈေးကွက် တော်တော်များများကို ပိုင်ဆိုင်ထားတယ်လေ။ ဒါကြောင့်ပဲ ကွန်ပျူတာဆိုရင် လူတိုင်းက Windows နဲ့ တွဲမြင်ကြပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့ အခုဆိုရင် တဖြည်းဖြည်းနဲ့ LINUX Operation System ကို ပြောင်းသုံးလာနေကြပါပြီ။ ကဲ ဒါဆိုရင် ကျွန်တော်တို့ကော ပြောင်းသုံးဖို့ အဆင်မပြေနိုင်ဘူးလား။ ပြောင်းသုံးဖို့ အချိန်တန်ပြီလား ဆိုတာ ဆက်ကြည့်ရအောင်။

၁။ ဆော့ဝဲတွေ အတွက်ပိုက်ဆံပေးနေတာတွေက စိတ်ညစ်စရာပါ။
မနက်အိပ်ရာထတိုင်း Operation System အတွက်ပိုက်ဆံပေးထားရတယ်။ Antivirus အတွက် ပိုက်ဆံပေးထားရတယ်။ ကိုယ့်စက်လေး အဆင်ပြေပြေ ချောချောမွေ့မွေ့ အလုပ်လုပ်နေဖို့အတွက် Virus update ကို Install လုပ်ရပြီ။ အသုံးပြုရတာ အဆင်ပြေသလား စဉ်းစားကြည့်ပါ။

Intel ကုမ္ပဏီကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဂေါ်ဒွန်မိုး (Gordon Moore) ဟာ ၁၉၆၅ ခုနှစ်မှာ ဆီလကွန် ချပ်စ်ပြား လို့ လူသိများတဲ့ integrated circuits- IC ရဲ့ ဥပဒေသတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
သူ့တွေ့ရှိချက်အရ ဆီလကွန် ချပ်စ်ပြားတွေကို ၁၉၅၈ ခုနှစ် တီထွင်ပြီးကတည်းက၊ ချပ်စ်ပြား တစ်ခုချင်းစီမှာ ပါဝင်တဲ့ သိပ်သည်းဆဟာ တစ်နှစ်ကို နှစ်ဆ တိုးနေတယ်လို့ ဆိုပါတယ်။ အဲဒီတွေ့ရှိချက်ဟာ အနည်းဆုံး ဆယ်စုနှစ် တစ်ခုလောက် ဆက်ဖြစ်နေမယ်လို့ ဂေါ်ဒွန်မိုး က တွက်ချက်ခဲ့ပါတယ်။

Google mail မှာ Buzz ကို ပိတ်ပစ်တော့မယ်လို့ သတင်းတစ်ပတ် အနည်းငယ်က Google ဘလောက်မှာ ကြေငြာထားပါတယ်။ Google က Code Search (Open-source ကုဒ်များ ရှာဖွေရေး အင်ဂျင်) နဲ့ jaiku လို့ခေါ်တဲ့ twitter ကဲသို့သော microblogging ဆားဗစ် စသည်တွေကို ၂၀၀၇ ခုနှစ်ကတည်းက စတင်ပေးခဲ့ပါတယ်။
Google Buzz ကိုတော့ ၂၀၁၀ ဖေဖော်ဝါရီလက စတင်ခဲ့ပြီး Gmail user ရဲ့ status message တွေကို အလိုအလျှောက် post တစ်ခုအနေနဲ့ Buzz မှာ တင်သွားနိုင်အောင်လုပ် ထားတာဖြစ်ပြီး အဲဒီ post ကိုလည်း email ထဲက မိတ်ဆွေအားလုံး ဖတ်လို့ ကွန့်မန့်ပေးလို့ရအောင် လုပ်ထားတဲ့အတွက် ပြစ်တင်ဝေဖန်မှု အတော်များများ ခံလိုက်တဲ့ feature တစ်ခု ဖြစ်ပါတယ်။
မသိသေးသော သူများအတွက်ဆိုရင်တော့ လေ့လာရန် သိပ်ကို အသုံးဝင်ပါလိမ့်မယ်......
အောက်မှာ မိုးသောက်လုလင် ပြုစုထားသော pdf ဖိုင်ကို ဒေါင်းလော့ ယူ၍ ဖတ်ရှူ့နိုင်ပါတယ်...




ကျွန်တော်ဒီနေ့ Facebook သုံးနေတဲ့ သူငယ်ချင်းများအတွက် Shortcut လေးတွေ တင်ပြပေးချင်ပါတယ်။ သိပြီးသား သူငယ်ချင်းများ အတွက်တော့ မရည်ရွယ်ပါဘူး။ Mouse သုံးရမယ့်နေရာ တစ်ခါတစ်လေ Keyboard shortcut လေးတွေနဲ့ မိမိလုပ်ချင်တာတွေ လုပ်ချင်တဲ့ သူငယ်ချင်းများ အတွက်တော့ အဆင်ပြေစေမှာပါ။
 ယနေ့အခါမှာ Internet  ဟာအလွန်ကျယ်ပြန့်လာပြီး  လူတိုင်းနီးပါးအသုံးပြုကြပေသည်။
ကျွန်တော်တို့တွေဟာလည်း Internet  ပေါ်မှာ  ကိုယ်ပိုင်နေရာများကို  ကိုယ်ပိုင် Homepage  များကို  အလွယ်တကူ ယူဆောင်နိုင်လေပြီ။ Internet  ဆိုတာကို  အကျယ်ရှင်းမနေတော့ပါဘူး။  အလွယ်ရှင်းရရင်တော့ Internet  ဆိုတာ ကမ္ဘာ ပေါ်ရှိ  နိုင်ငံအချင်းချင်း  ချိတ်ဆက်ထားသော Network  ကွန်ယက်ကြီးတစ်ခုဖြစ်ပါသည်။  အဲဒီလို Information တွေ ဖလှယ်ဖို့အတွက် Web Page တွေကို ရေးဆွဲရပါတယ်။ Web Page ရေးဆွဲဖို့ရာအတွက် HTML ဟာ အဓိက ကျပါတယ်။  ရေးသားထားတဲ့ Web Page  တွေကို Web Browser Software  နဲ့  ကြည့်ရှုရပါတယ်။ Web Broswer Software တွေက Internet Explorer နဲ့ Firefox တို့က နာမည်ကြီးတွေပါ။
HTML မိတ်ဆက် PDF ဖိုင်ကို... Download ယူရန်...
အရင်ဆုံး Computer စတက်လာလာခြင်း Delete key ကို နှိပ်ပြီး BIOS ထဲ ကိုဝင်လိုက်ပါ။
" Power Management setup" ကနေ " Resume by RTC Alarm" ကိုဝင်ပြီး (Enable) ပြောင်းလိုက်ပါ။( တချို့ BIOS တွေမှာ တော့ Weakup Event setup လို့ပါလိမ့်ပါမယ်။)

"ကျွန်တော်တို့တွေရဲ့ မကြာတော့မယ့် အနာဂတ်မှာ ဖုန်းတစ်လုံးက လွဲပြီး ဘာမှ ယူစရာမလိုဘဲ အိမ်အပြင်ထွက်လို့ ရတော့မယ်" ။ အဲဒါကတော့ ဂူဂယ်ကုမ္ပဏီက ပြောလိုက်တဲ့ အနာဂတ်အတွက် အမြင်ပါ။
"ကျွန်တော်တို့ ယုံကြည်နေပါတယ်။ တစ်နေ့နေ့မှာ အိမ်ကနေ အလုပ်ကို ဖြစ်ဖြစ် ဈေးကိုဖြစ်ဖြစ် တစ်နေရာရာကို လက်ကိုင်ဖုန်း တစ်လုံးတည်း ကိုင်သွားပြီး ထွက်သွားလို့ရမယ်လို့ ကျွန်တော် အသေအချာကို မျှော်လင့်ထားပါတယ်လို့ ..." ဂူဂယ် အိမ်ဆောင်ထုတ်ကုန် မန်နေဂျာ Marc Freed-Finnegan က ပြောလိုက်ပါတယ်။