% ls ဆိုတာက ဘာတွေရှိလဲ ဆိုတာကြည့်တာ...
%cd ဆိုတာက ကိုသွားချင်တဲ့ နေရာကို သွားတာ...
%pwd ဆိုတာက ဘယ်ရောက်နေလဲ ဆိုတာကို ပြန်ကြည့်တာ....
%whoami ဆိုတာ သုံးနေတာ ဘယ်သူလဲလို့ ပြန်မေးတာ...
%mkdir ဆိုတာ ဖော်တာ အခုဆောက်ချင်တဲ့ အခါ သုံးတယ်....
%mkdir -p ~/tuto/tuto1/tuto2 ဆိုရင် -
%-p ဆိုတာ ပါတဲ့ အတွက် parent ဖော်ဒါတွေ မရှိရင် အော်တို ဆောက်သွားမယ်..လို့ဆိုလိုတယ်...
%cp ဆိုတာ ကော်ပီကူတာ......
ဥပမာ -  cp file1.txt file2.txt ဆိုရင် file1 ကနေ file4 အဖြစ် ကော်ပီ ကူးခြင်း ဖြစ်တယ်....
%cp foldername/*.jpg anotherfoldername/ လို့ ကော်ပီကူးရင် jpg ဖိုင်အားလုံးကို ကော်ပီ ကူတာ ဖြစ်ပါတယ်...

%cp foldername/*.* anotherfoldername/ ဆိုရင် ဖော်ဒါထဲမှာ ရှိတဲ့ ဖိုင်အမျိုးအစားအားလုံးကို ကော်ပီကူးသွားမှာ ဖြစ်ပါတယ်...
%cd ~ ဆိုရင် ရောက်နေတဲ့ နေရာကနေ home ဖိုဒါကို ပြန်ရောက်ချင်တဲ့ အခါ သုံးပါတယ်...
%mv /path/file1 /path/file1 ဆိုတာ နေရာ ပြောင်းထားချင်တဲ့ အခါတွေမှာ သုံးပါတယ်...
%rm /path/file1 ဆိုတာကတော့ အဲဖိုင်ကို ဖျက်ပစ်လိုက်တာပါပဲ...
သတိထားရမှာကတော့ rm ကို သုံးတဲ့ အခါ /* မသုံးမိဖို့ အရေးကြီးပါတယ်...
%nano /path/filename ဆိုတာကတော့ အဲ့ဖိုင်ထဲကို ဝင်ပြင်ချင်တဲ့ အခါ ရေးချင်တဲ့ အခါမှာ သုံးပါတယ်... အဲဒီလို ပြင်ပြီးတဲ့အခါ save လုပ်ဖို့ရန် ctrl+O ကို နှိပ်ပြီး enter ခေါက်လိုက်ရပါတယ်.. အဲဒါမှ သိမ်းပြီးသားဖြစ်ပါမယ်..... သိမ်းပြီးပြီဆိုရင် ctrl +X ကို နှိပ်ပြီး ထွက်ရပါတယ်....
%cat /path/file ဆိုတာကတော့ အဲဖိုင်ကို ဖတ်ရုံဖတ်ချင်တဲ့ အခါ သုံးပါတယ်... ဝင်ပြင်လို့တော့ မရပါဘူး....

0 comments:

Post a Comment