အလကားပေးတော့ အကောင့်တွေပွနေအောင် ဖွင့်တတ်ကြလွန်းလို့ နဲ့တူပါတယ်.. အခုဆို Google က free အကောင့်ဖွင့်ဖို့ကိုတောင် Freedom Server တို့ US IP တို့နဲ့ပဲဖွင့်လို့ရတော့ တယ်လို့ကြားတယ်..။ တစ်ကယ်ဟုတ် မဟုတ်တော့ မသိဘူး..။ ဒီတော့ ကိုယ်အသုံးမလိုတော့တဲ့ အကောင့်တွေ.. မသုံးချင်တော့တဲ့ အကောင့်တွေများရှိခဲ့ရင် နားလည်သမှုနဲ့ ဖျက်ပေးကြရအောင်လားဗျာ..။ တစ်နည်းအားဖြင့် ကိုယ်အသုံးမလိုပေမယ့် ဒီ nick ကလေးကို နှစ်သက်လို့ လိုချင်တဲ့ သူအတွက်လည်း အဆင်ပြေတာပေါ့ဗျာ..။ ကဲ.. သဘောတူတယ်ဆို စလိုက်ရအောင်ဗျာ..


- ပထမဆုံး Gmail setting ကိုဝင်ပါ.. Accounts and Imports tab ထဲက Google Account Setting ကိုနှိပ်ပါ..။
- ပြီးရင်း My Product ရဲ့ဘေးက Edit ကိုနှိပ်ပါ..

- နောက် Delete Account ကိုတွေ့ရင် အောက်က "Close account and delete all services and info associated with it" ဆိုတဲ့ စာသားလေးကို နှိပ်လိုက်ပါ..။
- ပြီးရင် အကုန်လုံးကို အမှန်ခြစ်ပေးပြီး လက်ရှိသုံးနေတဲ့ password ကိုထည့်ပေးလိုက်ပါ.. ပြီးရင် Delete google account ကိုနှိပ်လိုက်ပါ..။
- ဒါဆိုရင်တော့ အခုသုံးနေတဲ့ account ကို sign out လုပ်ပြီးတာနဲ့ ပြန်ဝင်ရင်မရတော့ပါဘူး..။

ဒီနည်းနဲ့ မလိုအပ်တဲ့ အကောင့်တွေဖျက်ပေးကြပါ..။ Google ကပေးတဲ့ အခွင့်အရေးတွေ မဆုံးရှုံးရာ ရောက်သလို.. ဒီ nick ကလေးနဲ့ အွန်လိုင်းလောကထဲ ၀င်ချင်သူတွေကို ကူညီရာလည်း ရောက်ပါတယ်.. ကျေးဇူးတင်ပါတယ်..။

http://friendsmyanmar.com/forum/topics/gmail-account-1

0 comments:

Post a Comment