Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်တည်း  အသုံးပြုချင်သူတွေ အတွက် ဒီနည်းလေးက လွယ်ပါတယ်....ကျွန်တော်လည်း အစက မသိပါဘူး......
တစ်ပြိုင်ထဲ facebook အကောင့် နှစ်ခု ဖွင့်ထားချင်သူတွေအတွက် အဆင်ပြေပါတယ်....
Firefox Browser အတွက်ကိုတော့ Extension လေးတစ်ခုကို Browser မှာ Add ပေးရမှာပါ....

Firefox Browser ရဲ့ Menu ထဲက Tools ပေါ်ကို တချက် ကလစ်လိုက်ပါ... အဲဒီမှာ ပေါ်လာတဲ့ dropdwon list ထဲက Add-ons ကို ကလစ်လိုက်ပါ (ကီးဘုတ်မှ Ctrl+Shift+A) ... New tab တခု အဖြစ် ထွက်လာပါလိမ့်မယ်... 

အဲဒီ Add-ons window ပွင့်လာပြီး ဆိုရင် search box ထဲမှာ multifox လို့ ရိုက်ထဲပြီး ရှာလိုက်ပါ...
Multifox toolbar Button ဆိုတာကို install လုပ်ရုံပါပဲ.... ဒါမဟုတ်>>>>
ဒီလင့်လေးကို အရင်သွားလိုက်ပါ ခင်ဗျာ >>>
http://br.mozdev.org/multifox/
Install Multifox ကို နှိပ်ပါ လမ်းညွှန်တဲ့အတိုင်း Install ပေးလိုက်ပါ ခင်ဗျာ
ပြီးရင် Firefox Browser ကို Restart ချပေးလိုက်ပါ
ကီးဘုတ်က Ctrl + Alt + M ကိုနှိပ်ပြီး Facebook နှစ်ခု သုံးခု Gmail နှစ်ခု  သုံးခုကို Browser တစ်ခုထဲမှာ Login ဝင်နိုင်ပါပြီခင်ဗျာ....
Chrome Browser မှာတော့ မည်သည့် Extension မှ ထည့်ပေးစရာ မလိုပါဘူး

 ကီးဘုတ်က Ctrl + Shift + N ကိုနှိပ်လိုက်ပြီး Log in ၀င်လို့ရပါပြီ။

0 comments:

Post a Comment