ဒီတစ်ခါတော့ မိမိကွန်ပျူတာလေးအကြောင်းကို ပြောနိုင်တဲ့နည်းလေး သင်ပေးပါမယ်...
မိမိအသုံးပြုနေတဲ့ ကွန်ပျူတာအကြောင်းလေးကို ပြောပြတတ်ဖို့  လိုပါတယ်...
ကွန်ပျူတာကို ၀ယ်မယ်ဆိုရင်လည်း ဘယ်လိုအမျိုးအစားဝယ်ချင်တယ်ဆိုတာ ပြောပြနိုင်ရင် ပိုကောင်းပါတယ်...
လွမ်းပထမဆုံး Operating System Software ကို Windows XP တင်ထားတဲ့စက်ရဲ့ အကြောင်းလေး ပြောပြပါမယ်...
My Computer ဆိုတဲ့ Program Icon လေးကို Desktop မှာ မတင်ထားဘူး ဆိုပါစို့ ...
Keyboard က Windows Key ကို နှိပ်ရင်ပဲ ဖြစ်ဖြစ် ၊ Mouse နဲ့  Start ကို Click လုပ်ရင်ပဲဖြစ်ဖြစ် Start Menu မှ My Computer ကို Click လုပ်ပါ...




အဲဒီအခါမှာ အောက်မှာ ဖေါ်ပြတဲ့အတိုင်း ပေါ်လာပါလိမ့်မယ်...



မိမိ Harddisk ရဲ့ အသေးစိတ်ကို တွေ့ မြင်ရပါမယ်... ခုစက်မှာ 236GB ရှိတာကို တွေ့ မြင်ရမှာပါ...
အနီဝိုင်းပြထားတဲ့ View System Information ဆိုတာကို Click လုပ်ကြည့်လိုက်ပါ...



မိမိစက်အကြောင်းလေးကို တွေ့ မြင်ရမှာဖြစ်ပါတယ်...
Operating System Software က Microsoft Windows XP Professional Version 2002 Service Pack 3 ကို တင်ထားတာပါ...
CPU က Intel Pentium ဖြစ်ပြီး 1.73 GHz ရှိပါတယ်... 1.73 GigaHertz ဆိုတာ CPU ရဲ့ Speed ကို ဖေါ်ပြတာပါ...
RAM က 1.25GB ပါ... တစ်ချို့ သော Game များ၊ Graphic Software များအတွက် RAM က အနည်းဆုံး 2GB ရှိသင့်ပါတယ်...

နောက်ခံ Desktop ပေါ်မှာ Right Click နှိပ်ပြီး Properties ကို Click လုပ်ပါ...



အဲဒီအခါ Settings ဆိုတဲ့ Tab ကို Click လုပ်ပါ... အောက်ဖေါ်ပြပါ ပုံအတိုင်းမြင်ရပါမယ်...


Screen ရဲ့ Resolution ကို တွေ့ မြင်ရမှာပါ... 1280x800 Pixels ပါ...
Color Quality ကို Highest (32 bit) ဆိုတာ တွေ့ မြင်ရပါလိမ့်မယ်...

မည်သည့်ကွန်ပျူတာအမျိုးအစားမဆို Windows Key နဲ့  Pause Break Key ကို တွဲနှိပ်ပါက System Properties ကို တွေ့ ရမှာပါ...

မိမိစက်ရဲ့ အကြောင်းကို ဤနည်းဖြင့် သိရှိနိုင်ပါတယ်..

ရှင်းပြထားတာတွေ ဖတ်ပြီး မိမိကွန်ပျူတာအကြောင်းလေး ပြောနိုင်ကြပါစေ...

ရွှင်လန်းချမ်းမြေ့ကြပါစေ...

မူရင်း - http://khinmaungsoe11.blogspot.com/2011/10/blog-post_6661.html

0 comments:

Post a Comment