HTML က 1980 လောက်​မှာ စ​ခဲ့​တာ။ နက်​က်​ဝေါ့​ထဲ​မှာ information တွေ share လုပ်​ချင်​တဲ့​အခါ document type တွေ​က အမျိုး​အစား​မ​တူ​တဲ့​အတွက် အမျိုး​အစား​တူ​တဲ့ ဖိုင်​တစ်​မျိုး​ကို တီထွင်​ပီး အသုံးပြု​ခဲ့​တာ​က​နေ စ​တယ်။
 HTML is presentation only (read-only/ static). information တွေ share လုပ်​ဖို့ သက်သက်​ပဲ ဆို​တော့ client(user) က ဖတ်​လို့​ပဲ ရ​တယ်။ HTML အလုပ်​လုပ်​ပုံ​ကတော့ information ပေး​ချင်​တဲ့​သူ ဆာ​ဗာ​ပေါ်​ကို HTML Document ဖိုင်​တွေ တင်​ထား​မယ်။ user က​အဲ​ဒီ ဖိုင်​တွေ​ကို ဝင်​ဖတ်​မယ်။ အဲ​ဒီ​တော့ HTML ကုတ်​တွေ tab တွေ​နဲ့ ဖွဲ့​စည်း​ထား​တဲ့​အတွက် ၎င်း​ကို နားလည်​မယ့် client application လို​တယ်။ အဲ​ဒါ​ကို Browser လို့​ခေါ်​တယ်။ User ကို HTML Document တွေ​ကို Browser နဲ့​ခေါ်​ပီး ဖတ်​တယ်။

 HTML က ဘ​ရောက်​ဆာ​မှာ ဖော်​ပြ​နိုင်​ရုံ၊ စာ​မျက်နှာ အသေ​တွေ​ကို​သာ ရေးသား​နိုင်​တယ်။ User က ဖတ်​လို့​ပဲ​ရ​တယ်။
 နောက်​ပိုင်း​ကျ​တော့ User ပါ ပါဝင်​လုပ်ဆောင်​နိုင်​အောင် (Search,Blog,  Forum, Social networking) Server Site Script ကို တီထွင်​တယ်။ web 2.0 လို့​လည်း​ခေါ်​ကြ​တယ်။
 --------------------
 လူ​သုံး​များ​တဲ့ webbase programming language တွေ​ကတော့ php/ jsp/ asp/cfm ဆို​တာ server side language တွေ ဖြစ်​တယ်။ အခု​လူ​သုံး​အများ​ဆုံး​ကတော့ PHP ဖြစ်​တယ်။ PHP က Opensourse Platform တွေ ဖြစ်​တဲ့ LINUX, Apache, Mysql တို့​နဲ့ အတူ​တွဲ​သုံး​ကြ​တယ်။ အဲ​ဒါ​ကို LAMP လို့ အတိုကောက်​ခေါ်​ကြ​တယ်။ (LAMP Server, LAMP application). LINUX နဲ့ တွဲ​သုံး​နေ​လို့ LAMP လို့​ခေါ်​ပီး​တော့. Windows နဲ့ သုံး​မယ်​ဆို​ရင် WAMP, Mac နဲ့ သုံး​မယ်​ဆို​ရင် MAMP စ​သည်​ဖြင့် OS ပေါ်​အခြေ​ခံ​ပြီး အခေါ်​အ​ဝေါ်​တွေ ပြောင်း​လည်း​မှု ရှိ​တယ်။ http://en.wikipedia.org/wiki/LAMP_%28software_bundle%29



Web application တစ်​ခု​ရေး​ဖို့ အတွက် အနည်း​ဆုံး Webserver(Apache or IIS) နဲ့ Sever script language(PHP,CFM,ASP) တစ်​ခု အနည်း​ဆုံး​လို​တယ်။ ပီး​တော့ Data တွေ​သိမ်း​ဖို့​အတွက် Database(Mysql,Mssql etc..) တစ်​ခု​ခု လို​မယ်။

အခု​ကျွန်တော်​တို့​အသုံးပြု​မယ့်​ဟာ​တွေ​ကတော့ LAMP ဖြစ်​တဲ့​အတွက် LINUX, Apache, PHP and Mysql လို​မယ်။
LINUX ဘယ်​လို installation လုပ်​မယ်​ဆို​တာ​ကို နောက်​ပိုင်း သင်​ခန်း​စာ​တွေ မှာ​ပါလာ​မှ ဖြစ်​ပီး​တော့ ဒီ​နေ့​တော့ Window ပေါ်​မှာ​ပဲ XAMPP
ကို​တင်​ပီး​တော့ လုပ်​ကြ​ရအောင်။

 Web Application(with PHP&Mysql) ရေး​တော့​မယ်​ဆို​ရင် HTML ကို​မ​ဖြစ်​မ​နေ​သိ​ထား​ရ​ပါ​တယ်။ PHP က  HTML ကုတ်​တွေ​နဲ့ မ​ဖြစ်​မ​နေ ရော​ရေး​ရ​ပါ့​မယ်။
 HTML မှာ သိ​ရန်-
 header/ paragraph/ list/ image/ hyperlink/ table/ div-span နှင့်​အတူ CSS တွေ​ဘယ်​လို​ရေး​မ​လည်း​ဆို​တာ အနည်း​ဆုံး​တော့ သိ​ထား​ဖို့​လို​ပါ​တယ်။
 
နောက်​ပြီး PHP eidtor သို့မဟုတ် PHP IDE တစ်​ခု​ခု​လို​ပါ​တယ်။ ကုတ်​တွေ မ​မှား​အောင် မြန်​၂ ဆန်​၂ ကုတ်​တွေ​ရေး​နိုင်​အောင် သူ​တို့​က ကူညီ​ပါ့​မယ်။
ကျွန်တော် ညွှန်း​ချင်​တာ​ကတော့ PHP IDE http://eclipse.org/


PHP ကို HTML code တွေ​မှာ ရေးရေး​ရ​တဲ့​အတွက် PHP code တွေ​မှန်း​သိသာ​အောင် အ​ညွ​န်း (syntax)တစ်​ခု​ရှိ​ပါ​တယ်။ အဲ​ဒါ​ကတော့
Short syntax  <?  //your code here ; ?>
Complete syntax <?php //you code here ;?>

<? or <?php ကတော့ အဖွင့် လို့​ခေါ်​ပီး​တော့  ?> ကတော့ အ​ပိတ်​ဖြစ်​ပါ​တယ်။ php code တစ်​ကြော​င်း​ပြီး​တိုင်း ; ထည့်​ပေး​ရ​ပါ​မယ်။

HELLO WORLD

XAMPP install လုပ်​ပြီး​ပြီ​ဆို​ရင် c:/xampp/htdocs/project1/index.php ဖိုင်​အသစ်​တစ်​ခု​လုပ်​ပီး​တော့ အောက်​ပါ ကုတ်​ကို​ရေး​လိုက်​ပါ။
 <?php
 echo "hello world";
 ?>
 
ပြီး​တော့ browser ကို​ဖွင့်​ပြီး http://localhost/project1/index.php
လို့ URL bar မှာ​ရိုက်​ထည့်​ပါ။

0 comments:

Post a Comment